Thursday, November 5, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ ဆုံခြင်း


ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သံတမန်အဖွဲ့တွေ့ဆုံ
၎ နိုဝင်ဘာ ၂၀၀၉

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန မှ အရှေ့အာရှနှင့် ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး စကော့မာရှယ် တို့သည် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်တွင် ယနေ့ မွန်းလွဲပိုင်း၌ (၂) နာရီ ကြာခန့် တွေ့ဆုံခဲ့သည်။
နေအိမ် အကျယ်ချုပ် ကျခံနေရသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခု ကဲ့သို့ အများပြည်သူ ၀င်ထွက်သွားလာရာ နေရာတခုတွင် နိုင်ငံခြားသံတမန်များနှင့် တွေ့ဆုံခွင့်ရရှိခြင်းသည် ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း အပြီး နောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်သည်။

0 comments:

Post a Comment

 
© Copyright by mpu  |  Template by Blogspot tutorial